Apr 24, 2025
UX Design မှာ Mentor တွေနဲ့အတူတူ လေ့လာခြင်း၏ အကျိုးကျေးဇူးများ

UX Design မှာ Mentor တွေနဲ့အတူတူ လေ့လာခြင်း၏ အကျိုးကျေးဇူးများ
========================
ဒါကတော့ Career ထဲကို စဝင်လာမဲ့ Designer တွေအတွက် ရည်ညွှန်းပါတယ် .. UX Design နယ်ပယ်မှာ mentor တွေနဲ့အတူတူ လေ့လာတာက သင့်ကို ဘယ်လောက်ထိ ပိုမိုမြန်မြန်ဆန်ဆန် နဲ့ ထိရောက်စွာ တိုးတက်နိုင်စေတဲ့အကြောင်းလေးပေါ့။ ဒီလို ပြောရခြင်းဟာလဲ တစ်ဦးတည်း မလေ့လာနိုင်ဘူးလို့ ပြောတာမျိုးမဟုတ်ပဲ .. Mentor ကောင်းတစ်ယောက်ရှိရင် ဘယ်လောက်ထိ အကျိုးရှိလဲဆိုတာမျိုးကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အချက်အလက်လေးတွေ ပြောပြပေးချင်ပါတယ် ..
#သီးသန့်လမ်းညွှန်မှုရရှိခြင်း
ကိုယ်ရဲ့ အားနည်းချက် အားသာချက်တွေကို သေချာတိုင်ပင်ဆွေးနွေးနိုင်တာဖြစ်လို့ လိုအပ်ချက်တွေ လိုအပ်မှုတွေ ဆက်လက်လေ့လာရမဲ့ roadmap တွေကို ထိထိမိမိ သိရှိနိုင်ပါတယ်
အဲ့ကနေတဆင့် သင့်ရဲ့ portfolio ကို strong ဖြစ်အောင် ပြင်ဆင်နိုင်ပါလိမ့်မယ်
#လက်တွေ့ကျတဲ့အကြံဉာဏ်များ
ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေအပေါ်မူတည်ပြီး ငွေနဲ့လွယ်လွယ်ပေးပြီးတောင်မရနိုင်တဲ့ အဖြစ်အပျက်တွေကို Mentor တွေကနေတဆင့် သိခွင့်ရနိုင်မယ်
ဒါဆို ဖြစ်ပေါ်လာနိုင်တဲ့ case တွေအတွက် ဆောင်ရန် ရှောင်ရန်တွေကို သိခွင့်ရသွားမှာပါ ... အဲ့ဒါ အရမ်းအရေးကြီးတယ်နော်
Mentor တွေက real-world projects တွေအတွက် လက်တွေ့ကျတဲ့အကြံဉာဏ်တွေလဲပေးနိုင်ပါသေးတယ်
ဒါတွေဟာ သင့်ရဲ့ Design Process တွေမှာ အများကြီး အထောက်ကူပြုပါလိမ့်မယ်
#Networkတိုးချဲ့နိုင်ခြင်း
ဒါကတော့ Career ထဲက Professional Senior တစ်ယောက်ကို ဆက်သွယ်မိတာဖြစ်တာကြောင့် သင်ဟာ industry ထဲမှာ network တွေရစေနိုင်ပါတယ် .. ဒါကလဲ သင့်အတွက် အလုပ်အကိုင်အခွင့်လမ်း တစ်ခုရရှိနိုင်တယ် ပြောရင်လဲ မမှားနိုင်ပါဘူး ...
ကဲ ဒါဆို Mentor တွေနဲ့ စာလေ့လာရတာ ဘယ်လောက်အကျိုးမြတ်တွေ ရနိုင်လဲဆိုတာ သိရပြီပေါ့ ... ဒီနေရာမှာ အရေးကြီးတာက Mentor ဘယ်လိုရှာကြမလဲ? .. အဲ့အတွက်ကတော့ သက်ဆိုင်ရာ industry တိုင်းမှာ အထောက်ကူပြုပေးနေတဲ့ အဖွဲ့စည်းတွေရှိပါတယ် .. နာမည်ကြီးတွေကို Mention ရမယ်ဆိုရင်
#UXMM
#Design-Matters
#Futura တို့ပဲဖြစ်ပါတယ်
စကားချပ်အနေနဲ့ ဆိုရရင် မည်သည့် Mentor ပဲမဆို ... Spoon feeding က လုပ်ပေးမယ်ဆိုတာမျိုး မှီခိုလို့မရဘူးပေါ့ .. ဒါက သင့်အတွက်လဲ မကောင်းသလို .. ကိုယ့် Mentor ပြောတာကိုပဲ အစွန်းရောက်ဖြစ်စေတဲ့ Confirmation Bias တွေ ဖြစ်လာနိုင်ပါတယ် .. အဲ့လိုတွေ မဖြစ်ဖို့အတွက်တော့ အရာရာကို ချင့်ချိန်ပြီး Continuous Learning တွေလုပ်နေဖို့ လိုပါတယ် ...
အားလုံးပဲ အခက်အခဲမရှိပဲ Industry ထဲမှာ ကြမ်းနိုင်ကြပါစေ ...
#UXDESIGN #Mentor #career #learning