May 28, 2025
Quick tips for your learning point in UX Design career

Career တစ်ခုပေါ်ရောက်ပြီဆိုရင် သေချာပေါက် ရပ်နေလို့တော့မရပါဘူး .. ရှေ့ဆက်ရမဲ့ ကိစ္စတွေနဲ့ တာဝန်ယူရမဲ့ အရာတွေက ပိုများလာပါတယ်
UX ကို လေ့လာသူတွေ အနေနဲ့လဲ သေချာပေါက် လုပ်ငန်းခွင်ထဲဝင်ချင်လို့ အသက်မွေးပြုချင်လို့ သင်တန်းတွေတက်၊ အချိန်ပေးလေ့လာကြတာ ဖြစ်ပါတယ် … ဒီတော့ လုပ်ငန်းခွင်မှာ နေရာစရပြီး junior role ကို မြန်မြန်ကူးပြောင်းနိုင်ဖို့အတွက် အချို့ အချက်ကလေးတွေကို မျှဝေပေးလိုပါတယ်
၁. UX Design ရဲ့ အခြေခံသဘောတရားတွေကို သေချာလေ့လာပါ
တချို့တွေက UX ဆိုတာကို Figma tool သုံးတက်ရုံနဲ့ အလုပ်လုပ်လို့ရတယ် 3 minutes work လို့ထင်နေကြတာမျိုးတွေ အစရှိသဖြင့်အပေါ်ယံပဲ လေ့လာတတ်ကြပါတယ် .. အဲ့အချက်တွေက junior အဖြစ်သို့ ကူးပြောင်းရမှာ ဒုက္ခတကယ်ပေးမှာပါ … ဒါကြောင့် User-centered design, usability, information architecture, wireframing, prototyping နဲ့ interaction design စတဲ့ အဓိကသဘောတရားတွေကို လေ့လာထားရပါမယ်
၂. လက်တွေ့လေ့ကျင့်ပါ
သင်ယူထားတဲ့ သဘောတရားတွေကို ရိုးရှင်းတဲ့ ပရောဂျက်လေးတွေမှာ အသုံးချကြည့်ပါ။
၃. လိုအပ်တဲ့ Tools တွေကို ကျွမ်းကျင်အောင် လေ့ကျင့်ပါ
Standards tool တွေကို ကျွမ်းကျင်စွာ အသုံးပြုတတ်ဖို့လိုပါမယ် … update တွေပေးနေတဲ့ Figma ရဲ့ပြောင်းလဲပုံကနေစပြီး trend ဖြစ်နေတဲ့ design တွေကို ပုံဖော်နိုင်ဖို့ သေချာနားလည်ဖို့ လိုပါတယ်
၄. Portfolio တစ်ခု တည်ဆောက်ပါ
သင့်ရဲ့ design process ကို ကူညီပြောပြ ရှင်းပြပေးမဲ့အရာဟာ သင့်ရဲ့ portfolio ပဲဖြစ်ပါတယ် … အများကြီး အထောက်အကူပေးနိုင်တဲ့ အပြင် ကိုယ့်ရဲ့ project တွေ skill set တွေကို show case ပြနိုင်မဲ့နေရာဖြစ်တာကြောင့် ဂရုစိုက် ဖန်တီးစေချင်ပါတယ်
၅. လက်တွေ့အတွေ့အကြုံ ရယူပါ
လက်ရှိအနေထားအရ local မှာ လုပ်ငန်းခွင် အခြေနေ မလွယ်ကူဖူးဆိုပေမဲ့ … UX Organization တွေဖြစ်တဲ့ UXMM ကလို UX Bootcamp မျိုးတွေ Hackathon တို့မျိုးကနေ … product ဖန်တီးနိုင်တဲ့ အတွေ့ကြုံတွေ များစွာရနိုင်ပါတယ် … အဖွဲ့လိုက် လုပ်ဆောင်မှုမှာလဲ တိုးတက်လာပါလိမ့်မယ်
၆. Community ထဲမှာ ပါဝင်ပါ
ဒါကသိပ်အရေးကြီးပါတယ် … ငါ Designer ပဲဆိုပြီး stand alone မနေသင့်ပါဘူး .. ကိုယ့်ရဲ့ career မှာ တစ်လှေထဲသွားနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေကနေ တဆင့် လေ့လာမှုတွေပိုလုပ်နိုင်ပါတယ် လုပ်ငန်းအတွေ့အကြုံတွေ ဝေမျှခြင်းတွေရရှိနိုင်တာဖြစ်လို့ သေချာပေါက် လုပ်ဆောင်ရမဲ့ အချက်ဖြစ်ပါတယ်
၇. Mentorship ရယူပါ
ကိုယ်ဟာ ကလေးပေါက်စ အနေထားဖြစ်တာကြောင့် ကိုယ့်ထက် အချိန်ကြာ ဖြတ်သန်းလာတဲ့ Senior တွေ Product ကို သေချာအားစိုက် မွေးထုတ်ထားကြတဲ့ Designer တွေဆီကနေ mentorship ယူခြင်းဖြင့်လဲ ပိုကောင်းအောင် ပြင်ဆင်နိုင်ပါတယ်
၈. အဆက်မပြတ်သင်ယူပါ
သင်ယူလေ့လာခြင်းကို ရပ်တန့်လို့မရပါဘူး .. ငါသိတာပဲလေ ဒါလေးများဆိုရင်တော့ သင့်ထိုက်နဲ့သင့်ကံပါ … နဖူးတွေ့ ဒူးတွေ့ ကြုံလာတဲ့အခါ မဗေဒါမြေလူး သလို ခံစားရနိုင်ပါတယ် …
ဒါကြောင့်မို့ ဒီအချက်အလက်တွေကနေ တဆင့် ပိုမိုကျွမ်းကျင် တဲ့ Designer တွေ ဖြစ်ကြပါစေ