မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ (MSMEs) အတွက် မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ၊ သိမှတ်ဖွယ်ရာတွေကို သင်ကြားဝေမျှပေးနေတဲ့ eLearning Portal for MSMEs ကို UNDP Myanmar ကနေ ဝက်ဘ်ဆိုဒ်တစ်ခုအနေနဲ့ ၂၀၂၃ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး အခုဆိုရင် အချိန်မရွေး၊ နေရာမရွေး မိုဘိုင်းဖုန်းတစ်လုံးရှိရုံနဲ့ တက်ရောက်သင်ကြားနိုင်တော့မဲ့ မိုဘိုင်းအက်ပလီကေးရှင်းကို ထုတ်လုပ်လိုက်ပါပြီ။
....
ဒီသင်ကြားမှုပုံစံသစ်ဟာ MSMEs တွေအတွက် ပိုမိုလွယ်ကူရိုးရှင်းတဲ့ အသုံးပြုပုံတွေ၊ ဆောင်ရွက်ချက်တွေနဲ့ ဖန်တီးထားတာဖြစ်လို့ သင်ခန်းစာတွေကို လေ့လာရာမှာ ထိထိရောက်ရောက် အထောက်အကူပြုနိုင်မှာပါဖြစ်ပါတယ်။ မိုဘိုင်းအက်ပလီကေးရှင်းကို Android နဲ့ iOS ဗားရှင်း (2) မျိုးလုံးအတွက် ထုတ်လုပ်ထားလို့ ဖုန်းအမျိုးအစားအားလုံး ချောချောမွေ့မွေ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
....
ယခင်ဝက်ဘ်ဆိုက်မှာရှိတဲ့ စီးပွားရေးစီမံခန့်ခွဲမှု၊ စွန့်ဦးတီထွင်မှု၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ e-commerce၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစတဲ့ သင်တန်း (21) ခုလုံးကို အက်ပလီကေးရှင်းမှာ တက်ရောက်လေ့လာနိုင်မှာဖြစ်သလို အချင်းချင်းချိတ်ဆက်ဆွေးနွေးနိုင်မဲ့ ဖိုရမ်များ၊ လေ့လာမှတ်သားဖွယ်ရာဆောင်းပါးများလဲ ရှိနေမှာပါ။ ဒါ့အပြင် သင်တန်းပြီးဆုံးကြောင်းအောင်လက်မှတ်တွေထုတ်ယူတာ၊ ပြန်လည်ဝေမျှတာ စတဲ့ တခြားဆောင်ရွက်ချက်အမျိုးမျိုးကိုလဲ မိုဘိုင်းဖုန်းထဲမှာတင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
....
ဒီမိုဘိုင်းအက်ပလီကေးရှင်းသစ်မှာ ပိုမိုလွယ်ကူတဲ့ သင်ယူမှုအခွင့်အလမ်းတွေနဲ့အတူ MSMEs တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ရေရှည်တည်တံ့မှုကို အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပါတယ်။
https://msmelearning.mm.undp.org/.../67e13ed48daf756752b2...
....
“eLearning Portal for MSMEs"မှာ အကောင့်ဖွင့်ပုံ၊ သင်တန်းရွေးချယ်တက်ပုံ၊ ဖိုင်ဒေါင်းလုတ်ဆွဲပုံတွေပါတဲ့ ဗီဒီယိုဖိုင်ကို ဒီလင့်ခ်လေးနှိပ်ပြီး ကြည့်နိုင်ပါတယ်။
https://www.facebook.com/MMeLearningPortal/videos/1561949664633584
UNDP ရဲ့ "eLearning Portal for MSMEs" မှာ မြန်မာဘာသာစကားနဲ့ အခမဲ့တက်နိုင်တဲ့ စီးပွားရေးဆိုင်ရာသင်တန်း (21) ခုအကြောင်းကိုတော့ ဒီလင့်ခ်လေးမှာ ကြည့်ရှုနိုင်ပါတယ်။r